အသားလှုပ်နိမိတ်ကျမ်း
လက်ဝဲ လက်ယာမဟုတ်သော အသားလှုပ်နိမိတ်အဟော
- ၁။ ကျောကုန်းလှုပ်မူ အဝတ်ရမည်။
- ၂။ ကိုယ်လှုပ်မူ မယားနှင့်အတူ စကားဆိုရမည်။
- ၃။ ခါးလှုပ်မူ ဥစ္စာပျောက်မည်။
- ၄။ ချက်လှုပ်မူ နှစ်လိုဖွယ်သော ဥစ္စာ ရမည်။
- ၅။ ထိပ်လှုပ်မူ မင်းပူဇော်ခံရမည်။
- ၆။ နှာခေါင်းလှုပ်မူ ချစ်သူများမည်။
- ၇။ နှလုံးသားလှုပ်မူ ခင်ပွန်းကောင်းတစ်ယောက် ဥစ္စာပေးလာမည်။
- ၈။ မေးဖျားလှုပ်မူ အချင်းများမည်။
- ၉။ လည်ပင်းလှုပ်မူ တန်ဆာဆင်ရမည်။
- ၁၀။ အထက်နှုတ်ခန်းလှုပ်မူ ရန်ဖြစ်မည်။
- ၁၁။ အောက်နှုတ်ခန်းလှုပ်မူ အဝေးစကားပြောကြားရမည်။
- ၁၂။ အင်္ဂါဇာတ်လှုပ်မူ မယားနှင့်စကားများမည်။ ဥစ္စာရမည်။
- ၁၃။ ဦးခေါင်းလှုပ်မူ ကျွန်ဖြစ်မည်။
- ၁၄။ ဦးရေလှုပ်မူ နာဖျားမည်။
လက်ယာ အသားလှုပ်နိမိတ်အဟော
- ၁။ လက်ယာ ဦးကင်းလှုပ်မူ လာဘ်ရမည်။
- ၂။ လက်ယာ မျက်ခုံးလှုပ်မူ လာဘ်ရမည်။ ခင်ပွန်းပူဇော်မည်။
- ၃။ လက်ယာအောက်မျက်ခမ်း လှုပ်မူ ချစ်သူတွေ့မည်။
- ၄။ လက်ယာနား လှုပ်မူမျက်လိုရမည်။ မိန်းမ မကောင်းကြံခြင်းခံရမည်။
- ၅။ လက်ယာနှုတ်ခမ်းလှုပ်မူ ချစ်သူနှင့် စကားပြောရမည်။
- ၆။ လက်ယာပါးလှုပ်မူ ချစ်သူကို တွေ့ရမည်။
- ၇။ လက်ယာလက်ပြင်လှုပ်မူ ထင်ရှားမည်။
- ၈။ လက်ယာပခုံးလှုပ်မူ မိန်းမကောင်းရမည်။
- ၉။ လက်ယာချိုင်းလှုပ်မူ ချမ်းသာမည်။
- ၁၀။ လက်ယာလက်ရုံးလှုပ်မူ ခင်ပွန်းကောင်းတွေ့မည်။
- ၁၁။ လက်ယာလက်ရုံးလှုပ်မူ အဝတ်အစားရမည်။ အကြံအစည်ပြီးမည်။
- ၁၂။ လက်ယာရင်ဘက်လှုပ်မူ ကောင်းမည်။
- ၁၃။ လက်ယာန့ိုလှုပ်မူ လာဘ်ရမည်။
- ၁၄။ လက်ယာနံစောင်းလှုပ်မူ ပူဇော်ခံရမည်။
- ၁၅။ လက်ယာခါးလှုပ်မူ အဆွေခင်ပွန်း ထံမှ ဥစ္စာရမည်။
- ၁၆။ လက်ယာဝမ်းပျဉ်းလှုပ်မူ အစားကောင်း စားရမည်။
- ၁၇။ လက်ယာဦးစက်လှုပ်မူ ပူဇော်ခံရမည်။
- ၁၈။ လက်ယာလက်သန်းလှုပ်မူ အမိမျက်မည်။
- ၁၉။ လက်ယာပေါင်သားလှုပ်မူ လိုရာ ပြည့်စုံမည်။ မယားရမည်။
- ၂၀။ လက်ယာပုဆစ်ခ၏လှုပ်မူ ချစ်သူတွေ့မည်။
- ၂၁။ လက်ယာမြင်းခေါင်းလှုပ်မူ ချစ်သူတွေ့မည်။
- ၂၂။ လက်ယာခြေဖဝါးလှုပ်မူ ခရီးသွားရမည်။
လက်ဝဲအသားလှုပ်နိမိတ်အဟော
- ၁။ လက်ဝဲဦးကင်းလှုပ်မူ မကောင်းသတင်းကြားရမည်။
- ၂။ လက်ဝဲမျက်ခုံးလှုပ်မူ ကြံတိုင်းပြီးမည်။ မိတ်ဆွေကောင်းတွေ့မည်။
- ၃။ လက်ဝဲအောက်မျက်ခမ်းလှုပ်မူ ငိုရမည်။
- ၄။ လက်ဝဲနားလှုပ်မူ လာဘ်ရမည်။ သူ နှစ်လိုမည်။
- ၅။ လက်ဝဲပါးလှုပ်မူ ရွှေငွေရမည်။
- ၆။ လက်ဝဲနှုတ်ခမ်းလှုပ်မူ အဝေးစကားကြားရမည်။ မျက်လိုရမည်။
- ၇။ လက်ဝဲပခုံးလှုပ်မူ ဥစ္စာပို့လာမည်။ အစားပေါမည်။ မျက်လိုရမည်။
- ၈။ လက်ဝဲချိုင်းလှုပ်မူ ဥစ္စာပေးလာမည်။
- ၉။ လက်ဝဲလက်ဝါးလှုပ်မူ အမှုအောင်မည်။
- ၁၀။ လက်ဝဲရင်ဘက်လှုပ်မူ အပူရှိမည်။
- ၁၁။ လက်ဝဲနံလှုပ်မူ မိတ်ဆွေတွေ့ရမည်။
- ၁၂။ လက်ဝဲနံတောင်းလှုပ်မူ မင်းပူဇော်ခံရမည်။
- ၁၃။ လက်ဝဲခါးလှုပ်မူ ဥစ္စာပျောက်မည်။
- ၁၄။ လက်ဝဲဝမ်းပျဉ်းလှုပ်မူ လာဘ်ရမည်။
- ၁၅။ လက်ဝဲဆီးစက်လှုပ်မူ အမိမျက်မည်။
- ၁၆။ လက်ဝဲတင်သားလှုပ်မူ အိမ်တွင်းသူနှင့် မျက်လိုရမည်။
- ၁၇။ လက်ဝဲမြင်းခေါင်းလှုပ်မူ မိန်းမနှင့် မျက်လိုရမည်။
- ၁၈။ လက်ဝဲဒူးဆစ်လှုပ်မူ သူ ကြံစည်မည်။
- ၁၉။ လက်ဝဲဖဝါးလှုပ်မူ ထဘီဝတ်ချမ်းသာမည်။
ပျားစွဲအဟော
- ၁။ ပျားသည် အရှေ့ဘက်မှ လာ၍စွဲမူ စီးပွားပျက်တတ်သည်။
- ၂။ ပျားသည် အနောက်ဘက်မှ လာ၍စွဲမူ လာဘ်ရတတ်သည်။
- ၃။ ပျားသည် တောင်ဘက်မှ လာ၍စွဲမူ သောကရောက်တတ်သည်။
- ၄။ ပျားသည် မြောက်ဘက်မှ လာ၍စွဲမူ စီးပွားပျက်တတ်သည်။ ပျားသည် အရှေ့မြောက်မှ လာ၍စွဲမူ အများပူဇော် ခံရတတ်သည်။
- ၅။ ပျားသည် အရှေ့တောင်ဘက်မှလာ၍စွဲအကြံအစည်အောင်တတ် သည်။ ပျားသည် အနောက်မြောက်မှလာ၍စွဲမူ ဥစ္စာပစ္စည်းတိုးပွား တတ်သည်။
- ၆။ ပျားသည် အနောက်တောင်မှ လာ၍စွဲမူ ဘေးတွေ့တတ်သည်။ ပျားသည် အိမ်၏အောက်ပိုင်းမှ လာ၍စွဲမူ စီးပွားတိုးတက် တတ်သည်။
- ၇။ ပျားသည် လှေကားအောက်၌ လာ၍စွဲမူ ပျက်စီးတတ်သည်။ ပျားသည် အိမ်သာ၌ လာ၍စွဲမူ သောကရောက်တတ်သည်။
- ၈။ ပျားသည် အိမ်တံခါး၌ လာ၍စွဲမူ လာဘ်ရတတ်သည်။
- ၉။ ပျားသည် ပုဆိုးအဝတ်၌ လာ၍စွဲမူ မြတ်သော စည်းစိမ်ကိုရတတ်သည်။
- ၁၀။ ပျားသည် အိပ်ရာ၌ လာ၍စွဲမူ ချမ်းသာတတ်သည်။
- ၁၁။ ပျားသည် တင်းကုပ်၌လာ၍စွဲမူ စွပ်စွဲခံရတတ်သည်။