()နှင့်ပတ်သက်သော အိပ်မက်များ

  • ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံံ့အံ့။
  • ပန်းစည်းမြင်မက်မူ ရာထူးရအံ့။
  • ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့။
  • ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူ ဘေးထိတတ်အံ့။
  • ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့။
  • ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့။
  • ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
  • ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူ အထူးကောင်းမွန်အံ့။ ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကို သောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။
  • ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကို တက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။
  • ၁၀ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
  • ၁၁ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
  • ၁၂ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
  • ၁၃ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူလက်မှ လွတ်အံ့။
  • ၁၄ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့။
  • ၁၅ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့။
  • ၁၆ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူ ဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။
  • ၁၇ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍ လာဘ်ရအံ့။
  • ၁၈ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့။
  • ၁၉ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက် ငယ်သားတို့ တော်လှန်အံ့။
  • ၂၀ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။
  • ၂၁ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။
  • ၂၂ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။
  • ၂၃ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲ ဆွံ့အနေအံ့။
  • ၂၄ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံံ့။