()နှင့်ပတ်သက်သော အိပ်မက်များ

  • ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့။
  • ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊ ငတ်မွတ်ဘေး၊ နာဖျားသောဘေး တွေ့အံ့။
  • ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့။
  • ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့။
  • ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့။
  • ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
  • ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့။
  • ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း။
  • ထင်းပုံပြိုကျသည်ဟု မြင်မက်မူ မကောင်း။