ရွှေအိမ်မက်
(ဒ)နှင့်ပတ်သက်သော အိပ်မက်များ
- ၁။ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း။
- ၂။ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကားကောင်းပြောအံ့။
- ၃။ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့။
- ၄။ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ အေခြွေအရံ အသင်းအပင်း များပေါများအံ့။
- ၅။ဒေလီယာပန်းကြီး ပန်ရသည်ဟု မြင်မက်မူ မုချလက်ထပ်ရအံ့။ စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။
- ၆။ဒန်အိုး၊ ဒန်ခွက်များကို မြင်မက်မူ အိမ်တွင်းသုခ ရအံ့။
- ၇။ဒယ်အိုးကို မြင်မက်မူ စိတ်ချမ်းသာရအံ့။
- ၈။ဒေါင်းမွေးမြူရသည်ဟု မြင်မက်မူ အိမ်ကျက်သရေတိုးအံ့။