()နှင့်ပတ်သက်သော အိပ်မက်များ

  • သွေးကို ရေချိုးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။
  • သွေးပေါက်ယိုစီးသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
  • သွေးကိုလည်းကောင်း၊ မြေပြင်၌ လက်နက်တိုက်ကိုလည်းကောင်း၊ မြူတိမ်ကင်းစော ကောင်းကင်ကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း မြင်မက်မူ ချမ်းသာအံ့။
  • သမုဒ္ဒရာကိုရေကူးရသည်ကိုမြင်မက်မူ တိုင်းပြည်ခေါင်းဆောင်ဖြစ်အံ့။
  • သမုဒ္ဒရာ၌ အိပ်ရာပြု၍ မိန်းမပေါင်းခြံရံလျက်ကာမဂုဏ်ခံစားရ သည် ကို မြင်မက်မူ မင်းစိုးရာဇာဖြစ်အံ့။
  • သမုဒ္ဒရာရေကို သောက်ရသည် မြင်မက်မူအလွန်ကျော်စော ထင်ရှားအံ့။
  • သားသမီးရသည် မြင်မက်မူ ချမ်းသာအံ့။
  • သားငါးစားရ၊ မိချောင်းစားရ မြင်မက်မူ လာဘ်ကြီးအံ့။
  • သစ်သီးစားရသည်၊ မြိန်သောအရသာကို စားရသည်ကို မြင်မက်မူ လာဘ်ကြီးအံ့။
  • ၁၀သစ်သီးလွယ်ပိုးရသည်ဟု မြင်မက်မူ ကောင်းအံ့။
  • ၁၁သူတောင်းစားကို မြင်မက်မူ စစ်သည်ဗိုလ်ပါ ဖြစ်အံ့။
  • ၁၂သူကောင်းကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့။
  • ၁၃သူငယ်ကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့။
  • ၁၄သူတစ်ပါး သားမယားကို ကျူးလွန်သည်ဟု မြင်မက်မူ မကောင်း၊ ဖျားနာအံ့။ သူတစ်ပါးကို စည်းတား ကန့်ကွက်ရသည်ဟု မြင်မက်မူ မကောင်း။
  • ၁၅သူခိုးကို ခုတ်ဖြတ်ရသည် မြင်မက်မူ အန ္တရာယ်ပျောက်အံ့။
  • ၁၆သူ့မျက်စိ၊ သူ့ဦးခေါင်းထုတ်မြင်မက်မူ စည်းစိမ်ဥစ္စာများအံ့။
  • ၁၇သာယာသောအသံကို ကြားရသည်ဟု မြင်မက်မူ စိတ်ချမ်းသာ၍ သတင်းကောင်းကြားရအံ့။
  • ၁၈သပတ်၊ ပရိက္ခရာတိ့ုကို မြင်မက်မူ လာဘ်ရအံ့။
  • ၁၉သေရည်သေရက် သောက်ရသည်ဟု မြင်မက်မူ ကြောင့်ကြများအံ့။
  • ၂၀သေသူထသည်မြင်မက်မူ စကားဟောင်းပေါ်အံ့။
  • ၂၁သင်္ဘောစီးရသည် မြင်မက်မူ သူတစ်ပါးထက် မြတ်အံ့။ ယောကျ်ားမက်မူ မယားရအံ့။ မိန်းမမက်မူ လင်ရအံ့။
  • ၂၂သွားနာသည်၊ နဲ့သည်၊ ယိုင်သည် မြင်မက်မူ ဥစ္စာလျှောအံ့။ ဖျားနာအံ့။
  • ၂၃သိန္ဓောမြင်းကို ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။