()နှင့်ပတ်သက်သော အိပ်မက်များ

  • အိမ်ကို ဆူးရံသည်ဟု မြင်မက်မူ (သို့မဟုတ်) စည်းစောင်ရမ်း ကာရံသည်ဟု မြင်မက်မူ ချမ်းသာအံ့။
  • အိမ်စောင်း၍ သွားသည်ဟု မြင်မက်မူ ဖရိုဖရဲ အရှက်ကွဲအံံ့။ အိမ်ပြုသွားသည်ဟု မြင်မက်မူ အိမ်ရှင်တို့ အရှက်ရ၍ အကျိုးမဲ့အံ့။
  • အိမ်ရှိသည့်အရပ်၌ လဟာပြင်ကွင်းအထိ မြင်မက်မူ ၎င်းအရပ်၌ မီးလောင်အံ့။ အိမ်၌ ထင်းပေါက်ရသည်ဟု မြင်မက်မူ မိုးကြိုးကျအံ့။
  • အိမ်မီးလောင်သည်ဟု မြင်မက်မူ ဘေးရောက်အံ့။
  • အိမ်ပြို၊ ဘုရားပြို၊ သစ်ပင်ကျိုးသည်ကို မြင်မက်မူ ဘေးရောက်အံ့။ အိမ်ဝန်းကျင်၌ မှိုပေါက်သော် မိုးကြိုးကျအံ့။
  • အိမ်ဝင်းထဲ၌ ဆင်၊ မြင်း၊ နွားသွားသည်ကို မြင်မက်မူ ကောင်းကျိုးရအံ့။ အိမ်ခေါင်မိုးသို့တက်၍ ရေသောက်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
  • အိမ်တွင် ခရမ်းပင်စိုင်သည်ဟု မြင်မက်မူ မကောင်း။
  • အိမ်သစ်ထက်၌ စောင်းတီးသည်ဟု မြင်မက်မူ မင်းဆရာဖြစ်အံ့။
  • အိမ်ရာထောင်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
  • ၁၀အုန်းသီး၊ ထန်းသီးကို မြင်မက်မူ လာဘ်ရအံ့။
  • ၁၁အုန်းသီး၊ ထန်းသီးစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
  • ၁၂အေးယာဉ်စီးရသည်ဟူ၍လည်းကောင်း၊ ဝက် စီးရသည်ဟူ၍ လည်းကောင်း မြင်မက်မူ သေအံ့။
  • ၁၃အိုးမည်းလိမ်းကျံရသည်ဟု မြင်မက်မူ မကောင်း။
  • ၁၄အိုးလည်ပြတ်သည်ကို မြင်မက်မူ မကောင်း။
  • ၁၅အဝတ်မည်းကို ဝတ်သော သတို့သမီးသည် မည်းသောပန်းကို ပန်လျက် တစ်စုံတစ်ခု စွဲကိုင်သည်ကို မက်မူ သေပျောက်တတ်အံ့။
  • ၁၆အဝတ်ရွှေရောင်ဝတ်သော အမျိုးသမီးသည် ရွှေရောင်ပန်းကို ပန်လျက် တစ်စုံတစ်ခုစွဲကိုသ်သည်ကို မြင်မက်မူ ရာထူးကြီးကိုရ အံ့။ အဝတ်ဖြူဝတ်သော အမျိုးသမီးသည် ဖြူသော ပန်းကိုပန် လျက် တစ်စုံတစ်ရာကိုကိုင်သည်ကို မြင်မက်မူ ကြီးပွားတိုးတက်အံ့။
  • ၁၇အရူးလှည့်ပတ်ခံရသည်ဟု မြင်မက်မူ သွားလေရာ အရပ်တိုင်း လာဘ်ရအံ့။
  • ၁၈အနှိပ်စက်ခံရသည်ဟု မြင်မက်မူ သွားလေရာအရပ်တိုင်းလာဘ် ရအံ့။
  • ၁၉အစွယ်ရှိသော သတ္တဝါ၊ ဦးချိုရှိသော သတ္တဝါနှင့် မျောက်၊ ဝက်တို့၏ အနှိပ်စက်ခံရသည်ဟု မြင်မက်မူ ရာဇဝတ်သင့်အံ့။
  • ၂၀အဆင်းလှသော ဦးပြည်ကတုံးမိန်းမနှင့် ကာမစပ်ယှက်သည်ဟု လည်းကောင်း၊ ထိပါးရသည်ဟု လည်းကောင်း မြင်မက်မူ ယောကျ်ားမြတ်တို့၏ ဆရာခံရအံ့။
  • ၂၁အထက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ သား၌ ဥပါဒ်ဖြစ်အံ့။
  • ၂၂အယူမှားသော သူကို မြင်မက်မူ မိစ္ဆာနတ် နှောင့်ယှက်တတ်အံ့။ အလိုမတူသူနှင့် ပေါင်းဖော်ရသည်ဟု မြင်မက်မူ သေတတ်အံ့။
  • ၂၃အရပ်လေးမျက်နှာ လူသူလေးပါးလာသည်ဟု မြင်မက်မူ လာဘ် ရအံ့။ အလွန်ကြီးသော ကျွဲ၊ နွားမြင်မက်မူ အလွန်ကောင်းအံ့။
  • ၂၄အပုပ်အစပ်ကို မြင်မက်မူ လာဘ်ရအံ့။
  • ၂၅အူအပြင်ထွက်သည်ဟု မြင်မက်မူ ကျော်စောအံ့။
  • ၂၆အသီးရှိသော သစ်ပင်သု့ိ တက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့။
  • ၂၇အောက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ မကောင်း။
  • ၂၈အသီးရှိသော သရက်ပင်၊ ဥသျှစ်ပင်တို့ကို မြင်မက်မူ ဥစ္စာတိုးပွားအံ့။
  • ၂၉အုတ်ခဲပစ်သည်ဟုမြင်မက်မူ အမှုရောက်အံ့။ တစ်နည်းမြင့်မြတ်အံ့။
  • ၃၀အခိုးအလျှံတောင်သော မီးပုံကို မြင်မက်မူ လာဘ်ရအံ့။
  • ၃၁အသံသည်းစွာ ငိုကြွေးရ မြင်မက်မူ ထင်ရှားအံ့။ စည်းစိမ်များအံ့။
  • ၃၂အနှောင်အဖွဲ့ မြင်မက်မူ ဥစ္စာရအံ့။ အမှုများ မြင်မက်မူ အလွန်ကောင်းအံ့။
  • ၃၃အပုပ်စား မြင်မက်မူ လာဘ်ရအံ့။ ၎င်းအပုပ်စားပြီး အန်မက်မူ မကောင်း။