၁။ဇာထိုးရသည်ကို မြင်မက်မူ အချစ်တိုးအံ့၊ အကြံအောင်အံ့။
၂။ဇာကနာနှင့် အသုံးပြုသည် မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၃။ဇာတာလုပ်ရသည်ကို မက်မူ မိမိအတွက် အထူးအကျိုးပေးအံ့။
၄။ဇီးကွက်ကို နေ့အခါမြင်မက်မူ လာဘ်ကြီးရအံ့၊ ပျော်ရွှင်ရအံ့။
၅။ဇီးကွက်အော်သံကြားရသည် မြင်မက်မူ အတင်းပြောသူတို့ တိတ်ဆိတ်အံ့၊ ကောင်းမွန်သော နည်းလမ်းများရအံ့၊ အလုပ်အကိုင် ကြံပေးသူများပေါအံ့။
၆။ဇရပ်ဆောက်လုပ်ရသည်မြင်မက်မူ ရပ်ရေးရွားရေးကိစ္စများ၌ အထူးကူညီရအံ့၊ ငွေရလွယ်အံ့။
၇။ဇော်ဂျီကို မြင်မက်မူ ကျန်းမာအံ့၊ ဆေးကောင်းတွေ့အံ့၊ ထင်ပေါ်ကျော်စောအံ့။
၈။ဇော်က က ရသည်ကို မက်မူ အချစ်ရေး စိတ်ကူး အောင်မြင်အံ့။
၉။ဇွဲ၊ ဝီရိယစိုက်၍ အလုပ်လုပ်ရသည်မြင်မက်မူ မနာလိုသူတို့ တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။