()နှင့်ပတ်သက်သော အိပ်မက်များ

  • ဆင်၊ မြင်း၊ ဗိုလ်ပါကို မြင်မက်မူ စိတ်ချမ်းသာအံ့။
  • ဆင်ပေါက် မြင်မက်မူ သူတစ်ပါးကိုးကွယ်ရာ ဖြစ်အံ့။
  • ဆင်၊ မြင်း၊ နွားတို့ကို မြင်မက်မူ ကောင်းစားအံ့။
  • ဆင်ဖြူချွန်းတင် မြင်မက်မူ သူကောင်းပြုခံရအံ့။
  • ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကို မြင်မက်မူ ထင်ရှားကျော်စောအံ့။
  • ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါး အပြင်ကပ်လျက်တည်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
  • ဆံပင်ရှည်ကို မြင်မက်မူ တန်ခိုးကြီးအံ့။
  • ဆံပင်ရှည်ကိုမြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲ ဖြစ်အံ့။
  • ဆံပင်ဖြေရသည်ကို မြင်မကမူ မကောင်း။
  • ၁၀ဆား၊ ဆီ၌ထိုင်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ကိုးကွယ်ရာဖြစ်အံ့။
  • ၁၁ဆားလျက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့။
  • ၁၂ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်မူ ကျော်စောအံ့။ ဆိတ်ဆိတ်နေသည်ကို မြင်မက်မူ သေအံ့။
  • ၁၃ဆူးစူးသည်ဟု မြင်မက်မူ ရန်တွေ့အံ့။