()နှင့်ပတ်သက်သော အိပ်မက်များ

  • မိမိရူးသည်ဟု မြင်မက်မူ လာဘ်ရအံ့။
  • မိမိအူကို ထုတ်၍ ပတ်ရသည်ဟု မြင်မက်မူ သြဇာအာဏာ အရှိန်အဝါကြီးမားအံ့။
  • မိကျောင်းဖမ်းသည် မြင်မက်မူ လာဘ်ရအံ့။
  • မိကျောင်းစီးရသည် မြင်မက်မူ ရန်သူကို နိုင်အံ့။
  • မိကျောင်းစွယ်ကို ရင်ခွင်ပိုက်သည်ဟု မြင်မက်မူ ရာထူးကြီးအံ့။
  • မိကျောင်းသား စားရသည်ဟု မြင်မက်မူ လာဘ်ကြီးအံ့။
  • မိန်းမကို ဆွဲရသည်ဟု မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
  • မိန်းမနှင့် အတူ အိပ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
  • မိန်းမကို နားထွင်းရသည်ဟု မြင်မက်မူ ရွှေရအံ့။
  • ၁၀မိန်းမအမွေးအမျှင်ရှည်သည်ကို မြင်မက်မူ ချမ်းသာအံ့။
  • ၁၁မျက်စိမှိတ်သည်ဟု မြင်မက်မူ အရမ်းကာရော ပြုမိအံ့။
  • ၁၂မျက်စိဖွင့်သည်ဟုမြင်မက်မူကောင်းကျိုး၊ မကောင်းကျိုးကို မြင်ရအံ့။
  • ၁၃မျက်စိကြည်လင်သည်ဟု မြင်မက်မူ ကောင်းသော ဉာဏ်တိုးအံ့။
  • ၁၄မျက်စိ၌ အမှိုက်ဝင်သည်ဟု မြင်မက်မူ အနိဠာရုံကို ရအံ့။
  • ၁၅မျက်စိ၌ တိမ်သလ္လာကျသည်ဟု မြင်မက်မူ အသိဉာဏ်နည်းပါးအံ့။
  • ၁၆မျက်စိ၌ မျက်ချီးများသည်ဟု မြင်မက်မူ အရှိန်အစော်မဲ့အံ့။
  • ၁၇မျက်စိပျက်သည်ဟု မက်မူ မှားယွင်းသော အယူကိုရအံ့။
  • ၁၈မျက်စိထွက်သည်ဟု မက်မူ သားသမီးတို့ ထွက်ပြေးတတ်အံ့။
  • ၁၉မီးပုံမှ အခိုးအလျှံထွက်သော မီးကို မြင်မက်မူ ပညာရှိ ပေါ်ထွန်းအံ့။
  • ၂၀မီးထည့်ရသည်၊ မီးဖုတ်ရသည်၊ မီးရှို့ရသည်၊ မီးတိုက်ရသည်ဟု မြင်မက်မူ ရပ်ရွာကြီးကဲ ဖြစ်အံ့။
  • ၂၁မီးတန်ဆောင် ညှိထွန်းရသည်ဟု မြင်မက်မူ ပညာတတ်အံ့။
  • ၂၂မီးမှုတ် မက်မူ အကြီးအကဲဖြစ်အံ့။
  • ၂၃မီးတငွေ့ငွေ့မြင်မက်မူ စိတ်နှလုံးပူပန်ရအံ့။
  • ၂၄မြွေငန်းစီးရသည်ဟု မြင်မက်မူ ရောဂါဖြစ်အံ့။
  • ၂၅မြွေကိုက်သည်ကို မြင်မက်မူ လူလိမ်ခံရအံ့။
  • ၂၆မြွေကို ခါးပိုက်ပိုက်ရသည်ကို မက်မူ အတွင်းရန်ဖြစ်ပေါ်အံ့။
  • ၂၇မြွေခဲသည်ကို မြင်မက်မူ သားသမီးရ၍ အစွဲရှိအံ့။
  • ၂၈မြွေခံသည်ကို မြင်မက်မူ လာဘ်ရအံ့။
  • ၂၉မြွေစိမ်းကိုက်သည်ကို မြင်မက်မူ လူလိမ်တွေ့ရအံ့။
  • ၃၀မြွေပွေး၊ မြွေဟောက်ကိုက်လိုက်သည်ကို မြင်မက်မူ လူဆိုးတို ့လိမ်ရန် လာအံ့။
  • ၃၁မြေတူးရသည်ဟု မြင်မက်မူ မကောင်း။
  • ၃၂မြေဇာပန်း ပန်ရသည်ဟု မြင်မက်မူ ပညာရှိ ဆရာတစ်ဆူဖြစ်အံ့။
  • ၃၃မြင်းမိုရ်တောင် ခေါင်းအုံးရသည်ကို မြင်မက်မူ လူအများ ပူဇော်ခြင်းကို ခံရအံ့။
  • ၃၄မြင်းမိုရ်တောင်သို့ တက်ရသည်ဟု မြင်မက်မူ လူချစ်လူခင်များအံ့။
  • ၃၅မြင့်ရာမှ နိမ့်ကျသည်ဟု မြင်မက်မူ မကောင်း။
  • ၃၆မြင့်သောအရပ်ကို တက်ရသည်ဟု မြင်မက်မူ လူတကာတို့ထက် မြင့်မြတ်ရအံ့။
  • ၃၇မန်ကျည်းသီး စားရသည်ကို မြင်မက်မူ သူကောင်းဖြစ်အံ့။
  • ၃၈မိုးရေထဲ ပျော်ပါးရသည်ကို မြင်မက်မူ ဥစ္စာပစ္စည်းရအံ့။
  • ၃၉မစင်လိမ်းကျန်ရသည်ကို မြင်မက်မူ ပစ္စည်းဥစ္စာရအံ့။
  • ၄၀မှိုချက်စားရသည်ကို မြင်မက်မူ လာဘ်ရအံ့။
  • ၄၁မြစ်ရေသောက်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောထင်ရှားအံ့။
  • ၄၂မုန်တိုင်းထန်သည်ကို မြင်မက်မူ ကြောင့်ကြများအံ့။ စိုးရိမ်သောက များအံ့။
  • ၄၃မျှော့တွယ်သည်ကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။
  • ၄၄မောင်းတိုဆောင်းရသည်ကို မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
  • ၄၅မကောင်းသောရေကို သွန်းလာသည်ကို မက်မူ ပျက်စီးအံ့။
  • ၄၆မကာရ်းကို ဖမ်းမက်မူ လာဘ်ရအံ့။