()နှင့်ပတ်သက်သော အိပ်မက်များ

  • စင်ကြယ်သော ကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်းကောင်း၊ ခြင်္သေ့ကိုလည်းကောင်း၊ နန်းပြဿဒ်ကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ မြင်မက်မူ ချမ်းသာ သုခကြီးအံ့။
  • စင်ကြယ်သောနွားကို မြင်မက်မူ ကောင်းကျိုးဖြစ်အံ့။
  • စောင်းတီးရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
  • စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်၊ သီချင်းဆိုရသည်ဟု မြင်မက်မူ မကောင်း။
  • စပါးကိုမြင်မက်မူ စကားဟောင်း ပေါ်အံ့။
  • စစ်သည်အများ လာသည်ကို မြင်မက်မူ အနာရောဂါဖြစ်အံ့။ စစ်ဗိုလ်ပါကို မြင်မက်မူ ချမ်းသာသုခတိုးအံ့။
  • စည်၊ ကြေးနန်း၊ မောင်း၊ ခွက်ခွင်း၊ ပက်သာ၊ နရည်၊ ခေါင်းလောင်း စသော အသံကို ကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။
  • စားကြူးရသည်ဟု မြင်မက်မူ ဥစ္စာရွှေငွေလျော့အံ့၊ ဖျားနာအံ့၊ စိုးရိမ်ကြောင့်ကြမြင်မက်မူ ဆိုလေရာကောင်းအံ့။