ရွှေအိမ်မက်
(ဝ)နှင့်ပတ်သက်သော အိပ်မက်များ
- ၁။ဝက်ပက်ခြင်းကို မြင်မက်မူ ခိုက်ရန်ဖြစ်အံ့။
- ၂။ဝက်ပက်ခံရသည်ကို မြင်မက်မူ မကောင်း။
- ၃။ဝက်ကို ခြံလှောင်သည်ဟု မြင်မက်မူ ကျော်စောအံ့။
- ၄။ဝက်ရူးပြန်မက်မူ ရန်သူရောက်အံ့။
- ၅။ဝမ်းတွင်းသို့ ငါးဝင်မည်ဆိုသော အသံကို ကြားရသည်ဟု မြင်မက်မူ သားကောင်းရအံ့။
- ၆။ဝမ်းမြောက်ဝမ်းသာ မြင်မက်မူ ကောင်းစားအံ့။
- ၇။ဝတ်ဖြူစင်ကြယ်ဝတ်ရ မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
- ၈။ဝရမ်းဖမ်းမက်မူ လာဘ်ကြီးရအံ့။