()နှင့်ပတ်သက်သော အိပ်မက်များ

  • ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့။
  • ခရုသင်းပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။ ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
  • ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။
  • ခေါင်းဖြီးသည်ဟုမြင်မက်မူ မိဘတို့အကျော်အစောရှိအံ့။ ဘေးပျောက်အံ့။
  • ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက်မှတ်ရအံ့။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။ ခံတွင်းက ကောင်းသောအနံ့ ထွက်သည်ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။
  • ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာ ကျမ်းစာကျက်မှတ်ရအံ့။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။
  • ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
  • ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
  • ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။
  • ၁၀ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။
  • ၁၁ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသူ ကြီးပွားချမ်းသာအံ့။ ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။
  • ၁၂ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့။
  • ၁၃ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို မြင်မက်မူ ချမ်းသာအံ့။
  • ၁၄ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘုန်းကြီးအံ့။
  • ၁၅ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
  • ၁၆ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့။
  • ၁၇ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
  • ၁၈ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
  • ၁၉ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း။
  • ၂၀ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီးသင့်ရာ၏။