၁။စင်ကြယ်သော ကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်းကောင်း၊ ခြင်္သေ့ကိုလည်းကောင်း၊ နန်းပြဿဒ်ကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ မြင်မက်မူ ချမ်းသာ သုခကြီးအံ့။
၂။စင်ကြယ်သောနွားကို မြင်မက်မူ ကောင်းကျိုးဖြစ်အံ့။
၃။စောင်းတီးရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၄။စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်၊ သီချင်းဆိုရသည်ဟု မြင်မက်မူ မကောင်း။
၅။စပါးကိုမြင်မက်မူ စကားဟောင်း ပေါ်အံ့။
၆။စစ်သည်အများ လာသည်ကို မြင်မက်မူ အနာရောဂါဖြစ်အံ့။ စစ်ဗိုလ်ပါကို မြင်မက်မူ ချမ်းသာသုခတိုးအံ့။
၇။စည်၊ ကြေးနန်း၊ မောင်း၊ ခွက်ခွင်း၊ ပက်သာ၊ နရည်၊ ခေါင်းလောင်း စသော အသံကို ကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။
၈။စားကြူးရသည်ဟု မြင်မက်မူ ဥစ္စာရွှေငွေလျော့အံ့၊ ဖျားနာအံ့၊ စိုးရိမ်ကြောင့်ကြမြင်မက်မူ ဆိုလေရာကောင်းအံ့။